缅甸推进森林系统化管理 以短长期规划保障林业可持续发展

编辑:缅华网 溪河报道 文章类型:综合资讯 发布于2026-11-25 23:54:27 共60人阅读
文章导读 自然资源与环境保护部副部长当乃乌博士(ဒေါက်တာသောင်းနိုင်ဦး)在中国南宁国际会议中心于11月21日至22日举行的2026年中国—东盟林业合作研讨会上表示……

缅华网 溪河报道

自然资源与环境保护部副部长当乃乌博士(ဒေါက်တာသောင်းနိုင်ဦး)在中国南宁国际会议中心于11月21日至22日举行的2026年中国—东盟林业合作研讨会上表示,缅甸森林资源丰富,国土面积的41.15%被森林覆盖;依照缅甸林业政策和法律,正通过短期和长期规划对森林进行系统管理,促进森林可持续发展。သစ်တောများ ရေရှည်တည်တံ့စေရန် နှစ်တို၊ နှစ်ရှည်စီမံကိန်းများဖြင့် စနစ်တကျ စီမံအုပ်ချုပ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးက တရုတ်နိုင်ငံ၊ နန်နင်းမြို့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် နိုဝင်ဘာ (၂၁) ရက်မှ (၂၂) ရက်အထိ ကျင်းပသည့် (၂၀၂၆) ခုနှစ် ကမ္ဘာ့သစ်တောလုပ်ငန်းဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံသည် သစ်တောသယံဇာတပေါကြွယ်ဝပြီး နိုင်ငံမြေဧရိယာ၏ (၄၁ ဒသမ ၁၅) ရာခိုင်နှုန်း သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိကြောင်းနှင့် မြန်မာ့သစ်တောမူဝါဒ၊ ဥပဒေများနှင့်အညီ နှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲပြီး သစ်တောများရေရှည်တည်တံ့စေရန် စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

此外,他还表示,在全国各地根据生态系统类型营造各类人工林,并努力推动木材加工业、增值产品、现代家具以及采用工程技术生产的木制品发展。

ထို့ပြင် နိုင်ငံတစ်ဝန်း ဂေဟစနစ်အလိုက် သစ်တောစိုက်ခင်းအမျိုးမျိုးကို စိုက်ပျိုးတည်ထောင်လျက်ရှိသကဲ့သို့ သစ်အခြေခံစက်မှုလုပ်ငန်းများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ခေတ်မီပရိဘောဂများ၊ အင်ဂျင်နီယာနည်းပညာဖြင့် ထုတ်လုပ်သော သစ်သားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

他接着表示,东盟成员国与中国通过研究创新、人工智能(AI)等现代技术、经验分享和持续合作,将有助于建设更能抵御气候和自然灾害的社区,推动林业可持续发展。အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ၊ ဉာဏ်ရည်တုနည်းပညာ (AI) ကဲ့သို့ ခေတ်မီနည်းပညာများ၊ အတွေ့အကြုံများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်းများနှင့် ရေရှည်တည်တံ့သည့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

最后,相关专家围绕数字化和人工智能技术在林业产业发展中的重要作用、可持续森林管理以及跨境生态安全计划等议题进行了介绍和讨论。

ထို့နောက် သစ်တောစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးတွင် ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာများ၏ အရေးပါလာသော အခန်းကဏ္ဍ၊ ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုနှင့် နယ်စပ်ဖြတ်ကျော် ဂေဟစနစ်လုံခြုံစိတ်ချမှုအစီအစဉ်များကို သက်ဆိုင်ရာပညာရှင်များက တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

来源 NP新闻

 
0
0

评论列表 共有 0 条评论

暂无评论

联系我们

邮箱:mhwmm.com@gmail.com